ယောကျာ်းလေးတွေချစ်မိသွားရင် ဒီလိုပါတဲ့

ယောကျာ်းလေးတွေချစ်မိသွားရင် ဒီလိုပါတဲ့ google

ယောကျာ်းတစ်ယောက် သင့်ကို တကယ်ချစ်တယ်ဆိုရင် သင်အနေနဲ့လည်း အချစ်ခံရတယ်ဆိုတာကိုခံစားရပြီး သူနဲ့ရှိနေရရင်ပျော်နေမှာပါ။

လူတစ်ယောက်နဲ့တစ်ယောက် ချစ်ပုံချင်းမတူကြဘူး၊ ဂရုစိုက်ပုံချင်း မတူကြပါဘူး။ ဒါပေမယ့် ယောကျာ်းတစ်ယောက် သင့်ကို ချစ်ရင် ဒီလိုတွေလုပ်ပေးမှာပါ။

 

ဘယ်လိုအခြေအနေမှာပဲဖြစ်ဖြစ် သင့်ကိုလက်မလျော့ဘူး

အချစ်စစ်မှန်ရင် အခက်အခဲတော့ရှိမှာပါ။ စုံတွဲတိုင်း ရန်ဖြစ်ကြတယ်၊ ပြဿနာတွေတတ်ကြတာပါပဲ။ တချို့ကျတော့ ရန်ဖြစ်တာကနေ ပြတ်သွားကြတယ်။ ဒါပေမယ့် သင့်ကိုတော့ ဘယ်လိုပဲဖြစ်ဖြစ်လက်မလျော့ဘူး။ သင်နဲ့အတူတူ အခက်အခဲတွေကို မမှုဘဲရင်ဆိုင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ဘယ်လိုပြဿနာမျိုးပဲဖြစ်ဖြစ် သင်တို့နှစ်ယောက်ကြားမှာရှိတဲ့ သံယောဇဉ်၊ အချစ်တွေကို မဖြတ်နိုင်လို့ပါ။

 

သင့်ကိုရင်ခုန်အောင်လုပ်မယ်

တစ်ခါတစ်လေ အရာသေးသေးလေးတွေကအစ သင့်အတွက်ရင်ခုန်အောင်လုပ်ပေးတယ်။ သင်ကို သေးသေးလေးကအစ ဂရုစိုက်ပေးတာက သူ့ရဲ့ဂရုစိုက်မှုကိုပြချင်တာပါ။ သင်အကြိုက်ကိုတွေးနေတတ်ပြီး သင့်အတွက်လည်း ရင်ခုန်စရာကောင်းတာတွေကို လုပ်ပေးတယ်။ အကြောင်းကတော့ သူ့အချစ်တွေကို ဒီလိုအရာလေးတွေလုပ်ပေးပြီး ပြချင်လို့ပါ။

 

သူ့မိဘတွေနဲ့ပေးတွေ့ထားမယ်

သင့်ကို သူ့မိဘတွေနဲ့ပေးတွေ့ပြီးပြီလား။ ယောကျာ်းတွေက သူတို့ချစ်တဲ့မိန်းကလေး၊ သူတို့လက်ထပ်ဖို့ရည်ရွယ်ထားတဲ့မိန်းကလေးတွေကိုမှ မိဘနဲ့ပေးတွေ့တာပါ။ သင်ကို သူ့မိဘတွေနဲ့ ပေးတွေ့ထားတာက သင့်ကို မိဘတွေကပါသိပြီး တရားဝင်တွဲချင်တာကြောင့်ပါ။

 

ကိုယ်တို့ဆိုတဲ့အသုံးအနှုန်းပဲသုံးမယ်

သူ့အနာဂတ်အတွက် အစီအစဉ်တွေ၊ အိုင်ဒီယာတွေကိုပြောတဲ့အခါ ကိုယ်တို့ဆိုတဲ့ အသုံးအနှုန်းတွေကို သုံးနေလား။ သူ့အနာဂတ်အိုင်ဒီယာတွေနဲ့ပတ်သက်ပြီး ကိုယ်တို့ဆိုတဲ့အသုံးအနှုန်းကိုသုံးနေပြီဆိုရင် သင့်နဲ့အတူ အနာဂတ်မှာပါရှိနေစေချင်တဲ့အဓိပ္ပာယ်ပါ။ အဲ့လိုတွေပြောနေတာကလည်း သင့်ကိုချစ်လို့ပါ။

 

သူ့အကြောင်းတွေ အကုန်ပြောပြထားမယ်

သင့်ကို သူ့အတိတ်ကအမှားတွေရော၊ လက်ရှိအကြောင်းတွေရောကိုပါ ပြောပြထားမယ်ဆိုရင် သင့်ကို ချစ်လို့ပါ။ ဘယ်ယောကျာ်းလေးမှ သူတို့အတည်မတွဲမယ့်မိန်းကလေးတစ်ယောက်ကို သူတို့ရဲ့အကြောင်းတွေမပြောပြတတ်ဘူး။ သင်ကို သူ့အကြောင်းတွေ ပြောပြထားမယ်ဆိုရင်တော့ သင့်ကို သူ့အကြောင်းတွေနဲ့ပတ်သက်ပြီးသိစေချင်လို့ပါ။

 

Credit : Auntymay

Myanmar Wedding Guide

Read times Last modified on Wednesday, 20 February 2019 15:29
Rate this item
(1 Vote)