(1-3-2020 မှ 7-3-2020 အထိ)တစ်ပတ်စာ ခုနှစ်ရက်သားသမီး ကံကြမ္မာဟောကိန်း
(1-3-2020 မှ 7-3-2020 အထိ)တစ်ပတ်စာ ခုနှစ်ရက်သားသမီး ကံကြမ္မာဟောကိန်း google
တနင်္ဂနွေသားသမီး
ဒေါသထွက်စရာကိစ္စတွေ စိတ်ပေါက်ကွဲစရာကိစ္စတွေကြုံရတတ်တဲ့ကာလပါ။ဒီလိုကာလတွေမှာ ကိုယ့်စိတ်ကိုယ် ပြန်ထိန်းနိူင်မှသာ ရန်နည်းပါလိမ့်မည်။
စက်ပစ္စည်းအဟောင်းတွေ အဝင်မခံသင့်သလို နေအိမ်ရှိ နာရီတွေလည်း ရပ်နေတာမျိူး မဖြစ်ပါစေနဲ့။သင်တန်းတက်ဖို့ ကြံစည်ထားပါကအောင်မြင်ပါမည်။
အချစ်ရေးကံ အားနည်းနေပါသေးသည်။ကျန်းမာရေးတွင် သွေးမကြာခဏတိုးနေတတ်ပါသည်။
ထီ ၆၅ပါသောထီထိုးပါ။
တနင်္လာသားသမီး
မိမိလုပ်စရာရှိသော ကိစ္စများကို ရဲရဲဝံ့ဝံ့လုပ်ကိုင်ဆောင်ရွက်ပါ။ကြိမ်းသေ အောင်မြင်ပါလိမ့်မည်။မိမိကို အကူအညီပေးမည့်သူများလည်း ပေါ်ပေါက်လာပါလိမ့်မည်။
ကျန်းမာရေး အနည်းငယ်ချူ ချာနေလိမ့်မည်။အစားမကြာခဏမှားပြီး ဝမ်းဗိုက်မအီမလည် ဖြစ်နေတတ်ပါသည်။စက်ပစ္စည်းအသစ်တွေလည်း ဝင်လာပါလိမ့်မည်။
အချစ်ရေးတွင် မပွင့်မလင်း မပြတ်မသားဖြစ်နေလိမ့်မည်။ ထီ ၇၅ပါသောထီထိုးပါ။
ယတြာ ခိုစာမကြာခဏကျွေးပေးပါ။
အင်္ဂါသားသမီး
ဆုံးဖြတ်ချက်တွေ တွေဝေပြီး မပြတ်မသားဖြစ်နေတတ်တဲ့ ကာလပါ ။လုပ်ငန်းတွေလည်း မပြီးမပြတ်နဲ့ ကြန့်ကြာနေတတ်ပါတယ် ။
လုပ်လက်စနဲ့တို့လို့တန်းလန်းဖြစ်ဖြစ်ပြီး စိတ်တွေပါ လေးလံလာတတ်ပါတယ် ။ဒီလိုအချိန်မှာ ဘာပဲလုပ်လုပ်မလောပါနဲ့။ စိတ်အေးအေးထားပြီး လုပ်ပါ။
အရေးကြီးတဲ့ ကိစ္စတွေကို မှတ်သားဖို့မှတ်စုထားဖို့မမေ့ပါနဲ့။ ကျန်းမာရေးမှာ ခေါင်းနောက်ပြီး သတိမကြာခဏ မေ့နေတတ်ပါသည်။
ငယ်ရွယ်သူများ အချစ်သစ်တွေ့ပါမည် ။ထီ ၆၉ပါသော ထီကိုထိုးပါ။
ယတြာ သစ်ခွဖျော်ရည်ကိုဘုရားကပ်လှုပေးပါ။
ဗုဒ္ဓဟူးသားသမီး
ရပ်ဝေးခရီးကိစ္စ နိူင်ငံရပ်ခြားကိစ္စများ ဆောင်ရွက်ထားပါက အထူးအောင်မြင်ပါလိမ့်မည်။ ပွဲစားလုပ်ငန်းလုပ်သူများ အကျိူးအမြတ်ကြီးကြီး ရရှိပါလိမ့်မည်။
မြေကိစ္စများ အကျိူးအမြတ်ရတတ်သလို အမွေအနှစ်ဆိုင်ရာကိစ္စများ အထူးအဆင်ပြေပါလိမ့်မည် ။
ကျန်းမာရေးမကောင်းသူများ ဆေးကောင်းဝါးကောင်းတွေ့မည်။အချစ်ရေးတွင် ချစ်ရသူထံမှချစ်အဖြေရရှိပါမည်။ ထီ69ပါသောထီကိုထိုးပါ။
ယတြာ နိူ့ထမင်းကိုဘုရားလှုဒါန်းပေးပါ။
ကြာသပတေးသားသမီး
မိမိအတွက် လုပ်ငန်းအခွင့်အလန်းကောင်းများ ကြုံရမည့်ကာလပါ ။မိမိဘက်ကသာ ရရှိလာသော အခွင့်အရေးကို အမိအရလက်ဆုပ်လက်ကိုင်ပြုပြီး အောင်မြင်အောင်ကြိုးစားသွားဖို့လိုပါသည်။
ပစ္စည်းပျောက် ငွေပျောက်စာရင်းဇယားမှားခြင်းများ ဖြစ်တတ်ပါသည်။ ဘာပဲလုပ်လုပ် အယုံမလွယ်ပါနှင့်။ သတိထား၍ အလုပ်လုပ်ပါ ။ခြေထောက် မတော်တဆ ထိခိုက်မိတတ်ပါသည်။
အချစ်ရေးတွင် ကိုယ်ချစ်နေတာကတစ်ယောက်ကိုယ့်ပြန်ချစ်နေတာကတစ်ယောက် ဖြစ်နေလိမ့်မည် ထီ85ပါသောထီထိုးပါ။
ယတြာ လူသွားလမ်းချိူင့်တွေခင်းဖို့ပေးပါ။
သောကြာသားသမီး
စိတ်အလွန်ရှုပ်ထွေး နေရတတ်သော ကာလပါ အာရုံကြောအားနည်းခြင်း သတိမကြာခဏမေ့တတ်ခြင်းများ ဖြစ်တတ်ပါသည်။ ကျန်းမာရေး အထူးဂရုပြုရမည့်ကာလပါ။
ခရီးတစ်ခုထွက်ရမည် ။ကောင်းသောခရီးပါ ။ခရီးထွက်ရင်း မိမိအတွက် အကျိူးအမြတ် ရနိူင်သော အခွင့်အလန်းကောင်းများနှင့် ကြုံရပါလိမ့်မည်။
ငယ်ရွယ်သူများ အချစ်ရေးကံအလွန်စန်းပွင့်နေပါမည် ထီ90ပါသောထီကိုထိုးပါ။
ယတြာ ရွှေရင်အေးဘုရားကပ်လှုပါ။
စနေသားသမီး
ထူးထူးခြားခြား ဖြစ်ရပ်များ ကြုံရတတ်သောကာလပါ အံ့သြဖွယ်ရာဖြစ်ရပ်တွေ ကြုံရတတ်ပါတယ်။ ဂမ္ဘီရပစ္စည်းတွေလည်း ဝင်ရောက်လာတတ်ပါတယ်။
အလုပ် အိုးအိမ် နေရာထိုင်ခင်းကိစ္စများအတွက် စကားပြောဆိုမူများ အောင်မြင်ပါလိမ့်မည်။ အလုပ်လျှောက်ထားသူများ အလုပ်အကိုင်ရရှိပါလိမ့်မည် ။
အစပိုင်းမှ လစာနည်းပေမယ့် ရေရှည်မှာ လစာဝင်ငွေကောင်းလာပါလိမ့်မည် ။ဒူးအဆစ်အမြစ်တွေ ညောင်းညာပြီး မလှုပ်ချင်မကိုင်ချင်ဖြစ်နေပါလိမ့်မည်။
ငယ်ရွယ်သူများ အချစ်ရေးကံ အားနည်းနေပါသေးတယ်။ မိမိရဲ့အချစ်အပေါ် မယုံကြည်ခြင်း ခံနေရပါလိမ့်မည် ။ထီ၉၁ပါသောထီထိုးပါ။
ယတြာ ဂျင်းတက်တစ်တက်ပေါ်မှာအမွှေးတိုင်တစ်တိုင်စိုက်ပြီးအိမ်ရှေ့အဝင်ဝမှာထွန်းပေးပါ ။
ဆရာကျော်ဘိုဘိုဟိန်း
Fashion Designer ဖက်ရှင်ဒီဇိုင်နာ ၄၁၅ ယောက်ကိုရှာရန်နှိပ်ပါ။
Zawgyi ဖြင့်ဖတ်ရန်...
တနင်္ဂနွေသားသမီး
ထီ ၆၅ပါသောထီထိုးပါ။
တနင်္လာသားသမီး
အင်္ဂါသားသမီး
ဗုဒ္ဓဟူးသားသမီး
ရပ်ဝေးခရီးကိစ္စ နိုင်ငံရပ်ခြားကိစ္စများ ဆောင်ရွက်ထားပါက အထူးအောင်မြင်ပါလိမ့်မည်။ ပွဲစားလုပ်ငန်းလုပ်သူများ အကျိုးအမြတ်ကြီးကြီး ရရှိပါလိမ့်မည်။
မြေကိစ္စများ အကျိုးအမြတ်ရတတ်သလို အမွေအနှစ်ဆိုင်ရာကိစ္စများ အထူးအဆင်ပြေပါလိမ့်မည် ။
ယတြာ နို့ထမင်းကိုဘုရားလှုဒါန်းပေးပါ။
ကြာသပတေးသားသမီး
ယတြာ လူသွားလမ်းချိုင့်တွေခင်းဖို့ပေးပါ။
သောကြာသားသမီး
ခရီးတစ်ခုထွက်ရမည် ။ကောင်းသောခရီးပါ ။ခရီးထွက်ရင်း မိမိအတွက် အကျိုးအမြတ် ရနိုင်သော အခွင့်အလန်းကောင်းများနှင့် ကြုံရပါလိမ့်မည်။
စနေသားသမီး
ဆရာကျော်ဘိုဘိုဟိန်း
Myanmar Wedding Guide
1we
Read times
Rate this item
(0 votes)
Tagged under