ဗီယက်နမ်နိုင်ငံရဲ့ မြို့တော် ဟနွိုင်းရဲ့လည်ပတ်စရာနေရာတွေများ...

ဗီယက်နမ်နိုင်ငံရဲ့ မြို့တော် ဟနွိုင်းရဲ့လည်ပတ်စရာနေရာတွေများ... google

လေယာဉ် အကြာကြီးတွေလည်း မစီးချင်ဘူး။ခရီ‌ဝေးကြီးတွေ မသွားချင်ဘူး။နီးနီးနားနားမှာပဲ ဟန်းနီးမွန်းခရီးလေးစီစဉ်ရင်း အနားယူမယ် လို့စိတ်ကူးထားတဲ့

Myanmar Wedding Guide ပရိတ်သတ်တွေအတွက် ဗီယက်နမ်နိုင်ငံရဲ့ မြို့တော် ဟနွိုင်းရဲ့လည်ပတ်စရာနေရာတွေနဲ့မိတ်ဆက်ပေးချင်ပါတယ်။

ဗီယက်နမ်နိုင်ငံရဲ့ မြို့တော် ဟနွိုင်း ကိုရောက်ပြီဆိုရင်တော့ အာဇာနည်ဗိမာန်တည်ရှိရာ Ba Dinh Square နှင့် Ho Chi Minh Mausoleum ဆီအရင်ဆုံးသွားရောက်လည်ပတ်ပါ။

နောက်ထပ်သွားရောက်လည်ပတ်သင့်တဲ့တစ်နေရာကတော့ အမျိုးသားခေါင်းဆောင်ကြီးဟိုချီမင်းနေထိုင်ခဲ့သောခြေတံရှည်အိမ်ကြီးဖြစ်သည့် Ho Chi Minh’s Stilt House ပဲဖြစ်ပါတယ်။

နောက်ထပ် ကြာပန်းပုံသဏ္ဍာန်ရှိသော One Pillar Pagoda, Ly Thai To ရုပ်ထု၊ဗီယက်နမ်၏ ပထမဦးဆုံးတက္ကသိုလ်ဖြစ်ခဲ့သည့် Temple of Literature၊

ပာနွိုင်းမြို့ရှိနာမည်ကျော်အသည်းနှလုံး Hoan Kiem ရေကန်နှင့် Ngoc Son ဘုရားကျောင်း၊

ဗီယက်နမ် နိုင်ငံ၏ နာမည်ကျော် Tran Quoc ဘုရားကျောင်းနဲ့ အကြီးဆုံးရေကန်ဖြစ်သော West Lake ဆီလည်းသွားရောက်လည်ပတ်နိုင်မှာဖြစ်ပြီး

နာမည်ကျော် Old Quarter မှာလည်း ဗီယက်နမ်ထွက် ကော်ဖီ၊မုန်နဲ့ အသုံးအဆောင်များ ဝယ်ယူနိုင်ဦးမှာပဲဖြစ်ပါတယ်။

Photographers ဓာတ်ပုံဆရာ ၈၂ ဦးကိုရှာရန်နှိပ်ပါ။

 

Zawgyi ဖြင့်ဖတ်ရန်...










 

Myanmar Wedding Guide

 

1we

Read times
Rate this item
(0 votes)
Tagged under