ချစ်သူနဲ့ Selfie ပုံလေးတွေရိုက်ပြီးအမှတ်တရသိမ်းထားဖို့ဘာကြောင့်လိုအပ်တာလဲ

ချစ်သူနဲ့ Selfie ပုံလေးတွေရိုက်ပြီးအမှတ်တရသိမ်းထားဖို့ဘာကြောင့်လိုအပ်တာလဲ google.com

ကိုယ်ချစ်တဲ့သူရဲ့နံဘေးနားမှာရှိနေရတဲ့အချိန်တွေဟာ ဘ၀ရဲ့နိဗ္ဗာန်ပါ။ ဒီလိုအချိန်မျိုးကိုတစ်သက်တာအမှတ်တရရှိနေအောင်

မှတ်တမ်းတင်ထားနိုင်ရင်အကောင်းဆုံးပေါ့။ ဒ့ါကြောင့်ချစ်သူတွေကြားမှာ Selfie ပုံလေးတွေရိုက်ပြီး အမှတ်တရသိမ်းထားဖို့ဘာကြောင့်လိုအပ်တာလဲဆိုတာကြည့်လိုက်ရအောင်နော်။

 

538159228

 

-       ဓာတ်ပုံဆိုတာမှော်အစွမ်းရှိတယ်လို့ပြောလို့ရပါတယ်။ ဘာဖြစ်လို့လဲဆိုရင် ဓာတ်ပုံရိုက်တဲ့အချိန်မှာ မပြုံးမရယ်တဲ့သူက တော်တော့်ကိုရှားလို့ပါပဲ။ ကိုယ်ချစ်ရတဲ့သူနဲ့ရိုက်တဲ့ဓာတ်ပုံဆိုရင် ပိုလို့တောင်ပြုံးရယ်ကြသေးတာပေါ့။ ဘယ်လောက်ပဲစိတ်ဆိုး စိတ်ကောက်နေတဲ့အချိန်ဖြစ်ဖြစ် Selfie ရိုက်မယ်ဆိုရင် မျက်နှာကိုအလှပဆုံးပြုံးပြီး ပို့စ်ပေးတတ်ကြတာ သဘာဝပါပဲ။

-       ကိုယ့်ချစ်သူနဲ့အနေဝေးနေလို့ပုံလေးတွေပြန်ကြည့်ပြီးအလွမ်းဖြေရတဲ့ခံစားချက်ကလည်း ရင်ထဲမှာချစ်ခြင်းတွေကို အသစ်တစ်ဖန်ပြန်လည်ပေါက်ဖွားစေပါတယ်။

-       ရွေ့လျားနေတဲ့အချိန်ကာလကြားမှာ ချစ်သူနှစ်ဦးကြား တစ်ချိန်ကအမှတ်တရဖြစ်စရာတွေကို ပြန်လည်သတိရချင်တယ်ဆိုရင် ဓာတ်ပုံလေးကိုထုတ်ကြည့်တတ်ကြပါတယ်။ အချိန်ကာလကြာမြင့်လာတာနဲ့အမျှ ဓာတ်ပုံလေးတွေက တန်ဖိုးရှိလာတာပါပဲ။ ဒါ့ကြောင့် ချစ်သူတွေကြားမှာ အချိန်ကြာလာလို့အချစ်တွေလျော့မသွားအောင် အမှတ်တရ Selfie ပုံလေးတွေ ဖန်တီးရင်းနဲ့ အချစ်ခရီးမှတ်တိုင်လေးတွေကို စိုက်ထူလိုက်ရအောင်နော်။

 

Read More: အလိုက်သိတဲ့ချစ်သူမျိုးဖြစ်ဖို့
couple on vacation enjoying view of the city 600x400

 

Source – Marry

Read times Last modified on Wednesday, 19 September 2018 10:52
Rate this item
(1 Vote)