ယောကျာ်းတွေဘာကြောင့် ဖောက်ပြန်လဲ?

ယောကျာ်းတွေဘာကြောင့် ဖောက်ပြန်လဲ? google.com

ဖောက်ပြန်တယ် ၊ ကိုယ့်နောက်ကွယ်မှာ တခြားမိန်းကလေးနဲ့ သာယာကြည်နူးနေတယ်ဆိုတာ ဘယ်လိုပဲဖြစ်ဖြစ် ကောင်းမွန်တဲ့လုပ်ရပ် မဟုတ်ပါဘူး ။ အဓိကပြသနာက ယောက်ျားတွေရဲ့စိတ်မပြတ်သားခြင်းတွေပါ ။

တကယ်လို့ ကိုယ့်ကိုကိစ္စပြတ်ဖြတ်ပြီး နောက်အသစ်တစ်ယောက်တွဲသွားတာမျိုးဆိုရင်တောင် နည်းနည်းဖြေသာပါသေးတယ် ။ ကိုယ့်ကိုလည်းမပြတ်ပဲ ကိုယ့်နောက်ကွယ်မှာ တခြားမိန်းမတစ်ယောက်နဲ့ ချစ်ကြည်နူးနေတာကိုတော့ ဘယ်လိုမှလက်ခံပေးလို့ရတဲ့ အနေအထားမဟုတ်ပါဘူး ။အကြမ်းအားဖြင့်တော့ ဒီအကြောင်းအရင်းတွေကြောင့် အမျိုးသားတွေကဖောက်ပြန်ကြပါတယ် ။

 

() ကိုယ့်ထက်သာတဲ့ လူ

 

သူ့အနေ နဲ့ ကိုယ့်ကိုတွဲကတည်းက ကိုယ့် physical apperance ကို ကြည့်ပြီးတွဲခဲ့တာဆိုရင် တခြားကိုယ့်ထက်သာပြီး ချောမောလှပတဲ့ မိန်းကလေးတွေ့ရင်လည်း အဲ့မိန်းကလေးနာက်ကောက်ကောက်ပါအောင် လိုက်သွားဖို့ဝန်မလေးပါဘူး ။

 

 

() Attention seeker

 

Attention seek လုပ်တယ်ဆိုတာ မိန်းကလေးတွေမှ မဟုတ်ပါဘူးနော် ။ ယောက်ျားတွေကလည်း အဲ့လိုပါပဲ ကိုယ်က ကိုယ့်ကိုယ်ရေးကိုယ်တာကိစ္စတွေ အလုပ်တွေနဲ့မအားမလပ်ဖြစ်ပြီး သူ့ကိုအချိန်မပေးနိုင်တဲ့အခါ သူကကိုယ့်နေရာမှာအစားထိုးဖြည့်သွင်းဖို့ တခြားတစ်ယောာက်ရှာတော့တာပါပဲ ။

 

 

() အဝေးရောက်နေတဲ့အခါ

 

အထူးသဖြင့် ရေခြားမြေခြား ဖြစ်နေတဲ့အိမ်ထောင်ရေးတွေ LDRS တွေမှာ ဖောက်ပြန်မှုအများဆုံးဖြစ်ကြပါတယ် ။ လူတွေရဲ့သဘောက သူတို့နဲ့နီးကပ်သူကို စွဲလမ်းတတ်ကြပါတယ် ။ မိန်းမတွကတော့ အဲ့စိတ်ကိုစာင့်ထိန်းနိုင်ကြပေမယ့် ယောက်ျားတွေကတော့ သူတို့သဘာဝအရ လိင်ရမက်ရှိတာကြောင့်ရော ယောက်ျားလေးပဲဂုဏ်သိက္ခာတွေဘာတွေ သိပ်ထိန်းသိမ်းနေစရာ မလိုဘူးထင်တာကြောင့်ရော တခြားတစ်ယောက်ထပ်တွဲကြပါတယ် ။

 

 

() ကိုယ့်အပေါ်လည်း မူတည်

 

များသောအားဖြင့် မိန်းကလေးတွေအနေနဲ့ ဒီဖြစ်ရပ်ဟာခြံခုန်ချင်တဲ့ကာင်တွေရဲ့အပြစ်လို့ပဲ မြင်လေ့ရှိပါတယ် ။ တစ်ခါတစ်ရံကျ တစ်ချို့သောဖောက်ပြန်မှုတွဟာမိန်းကလေးဘက်က မှားယွင်းတဲ့ပြုမူ ဆက်ဆံပုံတွေကြောင့်လည်း ဖြစ်နိုင်ပါတယ် ။

တကယ်တော့ ဒီအချက်တွေသာ ပြောနေတာပါ ။ တကယ်ချစ်တဲ့လူဆိုတာတော့ ဘယ်လိုအခြေအနေပဲဖြစ်နေနေ ကိုယ့်အနားတွယ်ကပ်နေတာပါပဲ ။ဖောက်ပြန်သွားရင်လည်း သိပ်တော့ဝမ်းနည်းစရာမရှိပါ အမျိုးသမီးတို့ ။

ကိုယ့်ကို တကယ်မချစ်တဲ့လူကို အနားမှာဘာလို့ထားမှာလဲနော် ။

 

Myanmar Wedding Guide

 

Credit;လူငယ်မီဒီယာ

Read times Last modified on Wednesday, 19 September 2018 10:01
Rate this item
(3 votes)