အလှဆုံး သတို့သမီးလေးဖြစ်စေဖို့ဘာတွေလုပ်ရမလဲ

အလှဆုံး သတို့သမီးလေးဖြစ်စေဖို့ဘာတွေလုပ်ရမလဲ google.com

သတို့သမီးလောင်းလေးတို့ရေ မင်္ဂလာပွဲနီးလေ လှလေဖြစ်ဖို့ဆိုတာ မင်္ဂလာပွဲ မတိုင်ခင်ထဲက ကြိုတင်ပြင်ဆင်ထားမှ အဆင်ပြေမှာပါနော်။

သတို့သမီးလောင်းလေးတို့အနေနဲ့ မင်္ဂလာပွဲနီးလေ ပိုလှလေ ဖြစ်ဖို့ဆိုတာ သတို့သမီးလေးရဲ့ နေ့တိုင်း နေထိုင်လှုပ်ရှားမှုနဲ့ သက်ဆိုင်ပါတယ်နော်။ မင်္ဂလာပွဲနီးလေ လှလေ ဖြစ်ဖို့ သတို့သမီးလောင်းလေးတို့ ပြင်ဆင်ရမှာတွေ ပြောပြမယ်နော်။

 

စိတ်ဖိစီးမှု

သတို့သမီးလောင်းလေးမှန်ရင် စိတ်ဖိစီးမှုကတော့ ရှိစမြဲပါနော်။ စီစဉ်စရာတွေများတဲ့အခါမှာ စိတ်ဖိစီးမှုတွေ ပိုပြီး ဖြစ်တတ်ကြပါတယ်။ ဒီလိုမျိုး ပွဲနီးလေ စိတ်ဖိစီးလေ ဖြစ်တာက အလှတွေကိုယုတ်လျော့ယိုယွင်းစေမယ့် အချက်တစ်ချက်ပါပဲ။ ဒါကြောင့် စိတ်ဖိစီးမှု နည်းအောင် လုပ်ရပါမယ်။ ဘယ်လိုလုပ်ရင် သက်သာနိုင်မလဲဆိုတော့ မင်္ဂလာဆောင်အတွက် အဆင်ပြေတာတွေနဲ့ မပြေတာတွေ ချရေးပါ။ လုပ်ပြီးသွားတာတွေနဲ့ မလုပ်ရသေးတာတွေကိုလည်း ချရေးပါ။ ဒီလိုဆိုရင်တော့ စိတ်သက်သာရာ ချနိုင်ပါတယ်။ နောက်ပြီး ကိုယ်အပ်ထားတဲ့ ဝန်ဆောင်မှုတွေအပေါ်မှာလည်း စိတ်ချယုံကြည်ထားပေးနော်။ ဒါဆိုရင် စိတ်ဖိစီးမှု ကင်းဝေးလို့ လှနိုင်ပါပြီ။

 

Skin care လုပ်ဖို့ မပျက်ကွက်ပါနဲ့

သတို့သမီးလောင်းလေးတို့ရေ မင်္ဂလာပွဲနီးလေ လှလေ ဖြစ်ဖို့ဆိုတာ Skin care သေချာလေး လုပ်ထားဖို့တော့ လိုပါတယ်နော်။ တချို့ သတို့သမီးလောင်းလေးတို့က အလုပ်တွေ များပြီး အသားအရေအတွက် ဂရုစိုက်ဖို့ ရက်ပျက်ကွက်တာမျိုး ဖြစ်တတ်ပါတယ်။ တကယ်တမ်းတော့ အသားအရေကို နေ့တိုင်း သေချာ ဂရုစိုက်မှသာ မင်္ဂလာပွဲနီးလေ လှလေ ဖြစ်မှာပါ။

 

ဆံပင်

သတို့သမီးလေးတို့ ဆံပင်အလှအပကိုလည်း မေ့ထားလို့ မရပါဘူးနော်။ သတို့သမီးလေးတို့ မင်္ဂလာပွဲ ကျင်းပမယ်လို့ တွေးလိုက်ကတည်းက ဆံပင်လုံးဝ မညှပ်ပါနဲ့တော့နော်။ ဆံပင်တုတွေ သုံးလို့ ရပေမယ့်လည်း ကိုယ့်ဆံသားလေးနဲ့ဆို ပိုကောင်းတာပေါ့နော်။ ဒါကြောင့် ဆံပင်ကို ပေါင်းတင်တာ၊ treatment လုပ်တာက လွဲရင် ကျန်တာဘာမှ မလုပ်တာ အကောင်းဆုံးပါနော်။

 

ခန္ဓာကိုယ်အချိုးအစား

သတို့သမီးလေးတို့ ပွဲနီးလေ လှလေဖြစ်ဖို့ဆိုရင် ခန္ဓာကိုယ်အချိုးအစားကိုလည်း ဂရုစိုက်ပေးဖို့ လိုပါတယ်။ ထိုင်မသိမ်းဝတ်မယ့် သတို့သမီးလေးတွေဆိုရင် ပိုတောင်ဂရုစိုက်ဖို့ လိုပါတယ်နော်။ ခါးသေးရင်ချီ ဖြစ်လေလှလေပါ။ ဒါကြောင့် ကိုယ်အလေးချိန် ထိန်းသိမ်းတာမျိုး၊ အချိုးအစားအတွက် လေ့ကျင့်ခန်းလုပ်တာမျိုးလေးတွေ မမေ့ပါနဲ့နော်။

 

နေထိုင်စားသောက်မှု

သတို့သမီးလောင်းလေးတို့ရေ နေထိုင်စားသောက်မှုကလည်း ဂရုစိုက်ရမယ့် အချက်တစ်ချက်ပါပဲနော်။ နေထိုင်စားသောက်မှုအနေနဲ့ ပုံမှန်စားတာ၊ အိပ်တာ၊ ရေများများသောက်တာတွေ လုပ်ပေးဖို့ မမေ့ပါနဲ့နော်။ နေ့တိုင်း ဂရုစိုက်မှသာ ပွဲနေ့ အလှဆုံး ဖြစ်နေမှာပါ။

 

မင်္ဂလာပွဲနီးမှ ဝက်ခြံထွက်လာတာ၊ အဆီပိုပြန်တာ၊ အသားခြောက်လို့ အစရှိတွေကြောင့် စိတ်မညစ်စေရဘဲ ပိုလှနေစေဖို့ ပြောပြထားတဲ့အချက်လေးတွေ လိုက်နာပေးနော်။

 

Credit : Marry

Myanmar Wedding Guide

Read times Last modified on Monday, 22 April 2019 09:49
Rate this item
(1 Vote)
Tagged under