ကြည်နူးစရာ Prewedding Shooting အချိန်လေးကို အမှတ်တရတွေနဲ့ဘယ်လိုဖြတ်သန်းမလဲ...။
ကြည်နူးစရာ Prewedding Shooting အချိန်လေးကို အမှတ်တရတွေနဲ့ဘယ်လိုဖြတ်သန်းမလဲ...။ Google
အားလုံးပဲမင်္ဂလာပါရှင်။Prewedding Photo လှလှလေးတွေက ဘဝရဲ့ကြည်နူးစရာအချိန်လေးတွေကို မီးမောင်းထိုးပြတဲ့အရာလေးတွေဖြစ်လာမှာမို့ Prewedding Photo ရိုက်ကူးရမှာအသုံးဝင်စေမယ့် Tips လေးတွေကို Myanmar Wedding Guide ကဝေမျှပေးပေးချင်ပါတယ်။
(၁) ကိုယ်ရွေးချယ်ထားတဲ့ Photographer ကိုအပြည့်အဝယုံကြည်ပါ။
အရင်ဆုံး ကိုယ်စိတ်တိုင်းကျတဲ့ Photographer ကိုရွေးချယ်ပါ။ပြီးရင် သူ့ရဲ့အနုပညာခံစားမှုနဲ့ဖန်တီးမှုအတတ်ပညာတို့အပေါ် စောဒကအများကြီးမတက်ဘဲ ယုံကြည်မှုပေးထားလိုက်ပါ။
Photographer ရဲ့အနုပညာအပေါ်ခံစားမှုကိုယုံကြည်ပေးမယ်ဆို အသက်ဝင်လှပတဲ့ Prewedding Photo လေးတွေရရှိဖို့က 100%ကျိန်းသေပါတယ်။
(၂) Pinterest ရုပ်ပုံတွေကို နမူနာအနေနဲ့သုံးပါ။
တိုက်ရိုက်ကူးချစရာတော့မလိုပါဘူးနော်။ကိုယ့်ရဲ့Photographer ကိုပုံလေးတွေပြပြီး ကိုယ့်လိုချင်တဲ့ကိုယ်နေဟန်ထားတွေအတွက်ကိုးကားတာလောက်ဆိုရပါပြီ။
တချို့သောလျှပ်တပြက်ပုံလေးတွေကတစ်ခါတစ်လေမှာ မယုံကြည်နိုင်စရာကောင်းလောက်အောင် လှနေတတ်လို့ ပို့စ်တွေအတွက် တအားကြီးစိတ်ပူစရာမလိုပါဘူးနော်။
(၃) သက်တောင့်သက်သာရှိပါစေ။
သတို့သမီးလေးရဲ့ဆံပင်နဲ့မိတ်ကပ်ပြင်ဆင်မှုက လှပနေရမှာဖြစ်သလို ဝတ်စုံကလည်း လှုပ်ရှားရလွယ်ကူပြီးသက်တောင့်သက်သာရှိဖို့နေလည်းအရေးကြီးပါတယ်နော်။
ဒါကြောင့် Prewedding ရိုက်ကူးတော့မယ်ဆို ရာသီဥတုနဲ့နေရာပေါ်မူတည်ပြီး သင့်တော်တဲ့ ဝတ်စုံတွေရွေးချယ်ဖို့လည်း မမေ့ပါနဲ့နော်။
(၄) ကိုယ်နေဟန်ထား(Poses) တွေကိုလေ့ကျင့်ပါ။
အိမ်မှာနေရင်း မှန်ရှေ့မှာ ကိုယ်နေဟန်ထား တွေကိုလေ့ကျင့်ထားပါ။ကိုယ့်ကိုဘယ်ရှုထောင့်ကရိုက်ရင် လှတယ်ဆိုတာ Photographer ကိုပြောပြဖို့လည်းမမေ့ပါနဲ့နော်။
(၅) ရယ်ဖို့မမေ့ပါနဲ့။
ကိုယ့်ဘဝရဲ့အမှတ်တရတစ်ခုဖြစ်လာမယ့် Prewedding Photo ရိုက်ကူးမှုမှာ ရယ်မောဖို့လည်းမမေ့ပါနဲ့နော်။
ရယ်မောနေတဲ့ ဓာတ်ပုံလေးတွေဟာ ပိုမိုအသက်ဝင်စေပြီး ကြည်နူးပျော်ရွှင်နေတယ်ဆိုတဲ့ အဓိပ္ပာယ်လေးလည်းပေါ်လွင်စေတာမို့ ဓာတ်ပုံလေးတွေကို ဘယ်ချိန်ပြန်ကြည့်ကြည့် ကြည်နူးရမှာပါနော်။
(၆) မရှက်ပါနဲ့။
Prewedding ဓာတ်ပုံတွေဟာ ချစ်သူစုံတွဲတွေရဲ့ချစ်ခြင်းမေတ္တာနဲ့ရင်းနှီးနားလည်မှုကို အကောင်းဆုံးဖော်ပြပေးတဲ့အရာတွေဖြစ်တာကြောင့်
သတို့သား၊သတို့သမီးတွေအနေနဲ့ ရိုမန်တစ်ဆန်တဲ့အနမ်းလေးတွေခြွေဖို့ Photographer တွေကို မရှက်ကြပါနဲ့နော်။
တစ်ယောက်နဲ့တစ်ယောက် နဖူးလေးတွေ၊ပါးလေးတွေကို နမ်းနေတဲ့ပုံလေးတွေက သားသမီးတွေရတဲ့အထိ ပြန်ကြည့်တိုင်းကြည်နူးစေမှာပါနော်။
Crd:Hninn Yu San
Reference:her world.com
Zawgyi ဖြင့်ဖတ်ရန်...
prew
prew1
pre1
prew6
(၅) ရယ်ဖို့မမေ့ပါနဲ့။
prew2
(၆) မရှက်ပါနဲ့။
Crd:Hninn Yu San
Myanmar Wedding Guide
jjjj
Read times Last modified on Tuesday, 11 February 2020 15:51
Rate this item
(0 votes)
Tagged under